Ministry of Education
Department of Higher Education

IELTS Band Score များကို ထုတ်ယူနိုင်ကြောင်း ကြေညာ

အရည်အချင်းစစ် စာမေးပွဲ Aptis Test ရမှတ်များနှင့် အဆင့်တူညီသော IELTS Band Score များကို ထုတ်ယူနိုင်ကြောင်း ကြေညာ

နေပြည်တော်    ဖေဖော်ဝါရီ    ၂၇

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ပထမအသုတ် လူတွေ့စာမေးပွဲကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ စုစုပေါင်း ၁၃၈ ဦး ၀င်ရောက်ဖြေဆိုခဲ့ပါသည်။ လူတွေ့ ဖြေဆိုသူများအနက် နိုင်ငံခြားတက္ကသိုလ်များသို့ လျှောက်ထားရာတွင် အသုံးပြုနိုင်ရန် Aptis Test ရမှတ်များနှင့် အဆင့်တူညီသော IELTS Band Score များကို ထုတ်ယူလိုသူများသည် ဗြိတိသျှကောင်စီ Exam Centre သို့ သွားရောက်၍လည်းကောင်း၊ eiei.mon@mm.britishcouncil.org သို့ ဆက်သွယ်၍သော် လည်းကောင်း မတ် ၂ ရက်မှ စတင် ထုတ်ယူနိုင်သည်။

ပညာတော်သင်ဆုနှင့် သက်ဆိုင်သော ကြေညာချက်များကို ပညာရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.myanmar-education.edu.mm တွင် ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

(ပညာရေးဝန်ကြီးဌာန)