Ministry of Education
Department of Higher Education

အမျိုးသားပညာရေးဥပဒေ ပေါ်ပေါက်လာပုံ

အမျိုးသားပညာရေးဥပဒေ ပေါ်ပေါက်လာပုံ

အစိုးရသစ်လက်ထက်တွင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာ စေရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ပြီး နိုင်ငံတကာအရည်အသွေး စံနှုန်းကို အာမခံချက် ပေးနိုင်သော ပညာရေးစနစ် ဖြစ်ပေါ်လာစေရန်အတွက် အမျိုးသားပညာရေးဥပဒေသည် မလွဲမသွေ လိုအပ်လာပါသည်။

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပညာရေးနှင့် ကျန်းမာရေး ဖွံဖြိုးတိုးတက်ရေး မူဝါဒများ ချမှတ်နိုင်ရေး ဆွေးနွေးပွဲမှ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းဆောင်ရွက်ရန် ဆုံးဖြတ်ချမှတ်ခဲ့ ပါသည်။ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်းကို အဆင့်(၃)ဆင့် ခွဲ၍ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းစဉ်များမှာ အဆင့်(၁) အချိန်တိုအတွင်း အကဲဖြတ်ခြင်း(Rapid Assessment)၊ အဆင့်(၂) အသေးစိတ် လေ့လာဆန်းစစ်ခြင်း(In-depth Studies) နှင့် အဆင့်(၃) ပညာရေးကဏ္ဍ စီမံကိန်းရေးဆွဲ တင်ပြခြင်းတို့ ဖြစ်ပါသည်။

Read more>>>