Ministry of Education
Department of Higher Education

president scholarship

နယ်ခရီးစရိတ်ရှိလျှင် တင်ပြတောင်းခံနိုင်ခြင်း

နယ်ခရီးစရိတ်ရှိလျှင် တင်ပြတောင်းခံနိုင်ခြင်း

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်တွင် နိုင်ငံတော်သမ္မတ၏ပညာတော်သင်ဆု ပထမအသုတ် လူတွေ့စာမေးပွဲဖြေဆိုသူများအနက် လူတွေ့စာမေးပွဲဖြေဆိုရန် နယ်မှ ရန်ကုန်မြို့သို့ လာရောက်သော နယ်ခရီးစရိတ်ရှိလျှင် မိမိလူတွေ့ဖြေဆိုသော စာစစ်ဌာန တက္ကသိုလ်ရှိ ငွေစာရင်းဌာနတွင် ၂၀-၂-၂၀၁၅ ရက်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းပြသကာ ယာဉ်စီးလက်မှတ်မူရင်းကို တင်ပြ၊ ပေးအပ်လျက် လူတွေ့ဖြေဆိုသူ၏ အသွားအပြန်ယာဉ်စီးခကို ပြန်လည်ထုတ်ယူနိုင်သည်။

Interview Date

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု
ပထမအသုတ် လူတွေ့ဖြေဆိုရမည့် နေ့ရက်ထုတ်ပြန်
နေပြည်တော်၊ ဇန်နဝါရီ ၃၀

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအတွက် ပထမအသုတ် လူတွေ့ဖြေဆိုရန် ရွေးချယ်ခံရသူ ၁၄၂ ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်တွင် ရန်ကုန်မြို့၌ လူတွေ့ဖြေဆိုရမည် ဖြစ်ပါသည်။ လူတွေ့ဖြေဆိုရမည့် ကျောင်းသားကျောင်းသူများသည် ကိုယ်ရေးမှတ်တမ်းပုံစံများကို ပညာရေး ဝန်ကြီးဌာန၏ Website ဖြစ်သော              www.myanmar-education.edu.mm တွင် ရယူလျက် နောက်ဆုံးအခြေအနေကိုဖော်ပြသော Updated အချက်အလက်များ ဖြည့်စွက်ကာ  scholarmm2015@gmail.com  သို့ ဖေဖော်ဝါရီလ ၅ ရက်နေ့အရောက် pdf. format ဖြင့် အီးမေး ပေးပို့ရပါမည်။ လူတွေ့ ဖြေဆိုရမည့် နေ့ရက်၊ အချိန်၊ နေရာ အသေးစိတ်နှင့်ကြေညာချက်များကို ဖေဖော်ဝါရီလ ၇ ရက် နေ့မှစတင်၍ အဆိုပါ Website တွင် ဖော်ပြမည်ဖြစ်ပြီး အီးမေးဖြင့်လည်း အကြောင်းကြားမည် ဖြစ်ပါသည်။
လူတွေ့ဖြေဆိုရန် လာရောက်သောအချိန်တွင် အောက်ဖော်ပြပါ စာရွက်စာတမ်းမူရင်းများကို မိမိနှင့် တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်ပါသည်-
(က)    နိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း
(ခ)    ဘွဲ့လက်မှတ်မူရင်း
(ဂ)    အမှတ်စာရင်းမူရင်း
(ဃ)    မိမိ၏စိတ်ဝင်စားမှု၊ ပညာရေးရည်မှန်းချက်နှင့် ဘဝရှေ့ရေးအစီအစဉ်အကြောင်း အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော စာလုံးရေ ၄၅၀ ခန့် Scholarship Essay
(င)    နောက်ဆုံးအခြေအနေကို ဖြည့်‌စွက်ထားသော Updated ကိုယ်ရေးမှတ်တမ်း