Ministry of Education
Department of Higher Education

Monthly Archives: July 2013

၂၀၁၄ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်ခေါ်ယူခြင်း

၂၀၁၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာချက်

        ၂၀၁၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲဖြေဆိုခဲ့ကြသော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက် ထားရမည့်ပုံစံအိတ်ကို  သြဂုတ်လ(၁၄)ရက်(ကြာသပတေးနေ့)မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန် ဖြစ်ပါ သည်။

        အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို သြဂုတ်လ (၁၅)ရက်မှ  စက်တင်ဘာလ (၅)ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)တွင် လျှောက်ထားနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက အဆင့်မြင့် ပညာဦးစီးဌာန(အောက်မြန်မာပြည်)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း – ၅၃၇၆၇၇ နှင့် ၅၂၅၆၁၂ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။

 

နေ့သင်တန်းဝင်ခွင့်လမ်းညွှန် >>>Read more

နှစ်ချို့ဝင်ခွင့်လမ်းညွှန် >>>Read more