Ministry of Education
Department of Higher Education

Monthly Archives: June 2013

စစ်တွေတက္ကသိုလ် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)

 တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 ၁။ အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်) စစ်တွေတက္ကသိုလ်တွင် အောက်ဖော်ပြပါ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန်ဖိတ်ခေါ်ပါသည်-

စဉ်

လုပ်ငန်းအမည်

ဒုတိယပါမောက္ခချုပ်နေအိမ် (၂)ထပ် (၅၀’x၃၆’x၂၀’) (၁) လုံး တည်ဆောက်ခြင်း၊

အရာထမ်းအိမ်ယာ(၄)ခန်းတွဲ(၅၂’x၃၀’)၂ထပ် (၃)လုံးတည်ဆောက်ခြင်း၊

၂၀ ဦးဆံဆရာများဆောင်(၁၀၀’x၄၈’)၂ထပ်(၁)လုံး တည်ဆောက်ခြင်း၊

အမှုထမ်းအိမ်ယာ ၄ ခန်းတွဲ (၆၀’x၃၀’)၁ ထပ် (၃)လုံး တည်ဆောက်ခြင်း၊

စားသောက်ဆိုင်တန်း ၄ခန်းတွဲ(၄၈’x၂၀’)(၂)လုံး တည်ဆောက်ခြင်း၊

ဆိုင်ကယ်ရပ်နားရန် အဆောက်အဦး (၆၀’ x ၁၂’) တည်ဆောက်လုပ်ခြင်း၊

မိုးလုံလေလုံအားကစားရုံ(၁၂၀’ x၉၀’x၂၉’) (၁)လုံး၊ရေမီးအပါအဝင်

ဆရာမများယာယီဆောင်(၁) (၂)သို့သွားသော လမ်းတွင် (3 phase 5 wire) ဓါတ်အားလိုင်းဖြင့် လျှပ်စစ်မီးတိုင်များ သွယ်တန်းခြင်း (၁၃၅၀’)

၂။       အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၄-၆-၂၀၁၃ ရက်နေ့မှစတင်၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့် တင်ဒါများကို ၁၂-၆-၂၀၁၃ ရက်နေ့  ၁၆:၃၀နာရီ နောက်ဆုံးထား၍ တင်သွင်း ရန်ဖြစ်ပါသည်။

၃။       တင်ဒါတင်သွင်းလိုသူသည် သက်ဆိုင်ရာလုပ်ငန်းအတွက် သတ်မှတ်ထားသည့် တင်ဒါအာမခံကြေး ပေးသွင်းပြီးမှ သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံ တင်သွင်းရမည်။ တင်ဒါလုပ်ငန်းတစ်ခုထက်ပိုမို၍ တင်သွင်းလိုသူ သည် မိမိတင်သွင်းလိုသည့် သက်ဆိုင်ရာ လုပ်ငန်းတစ်ခုချင်းအတွက် သတ်မှတ်ထားသည့် တင်ဒါအာမခံကြေး တစ်ခုချင်း ပေးသွင်းပြီးမှ သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံ တစ်ခုချင်း တင်သွင်းရမည်။

၎။       အိတ်ဖွင့်တင်ဒါပုံစံရောင်းချမည့်လိပ်စာနှင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရမည့်လိပ်စာမှာအောက်ပါအတိုင်း ဖြစ်ပါသည်-

အဆောင်(၂)ပထမထပ်၊ အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

၅။       ကြော်ငြာအပြည့်အစုံ၊ အိတ်ဖွင့်တင်ဒါစည်းမျဉ်းစည်းကမ်း အသေးစိတ်၊ အိတ်ဖွင့်တင်ဒါပုံစံဈေးနှုန်း၊ အိတ်ဖွင့် တင်ဒါအာမခံကြေးတို့ကို www.myanmar-education.edu.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၆။       အသေးစိတ်သိရှိလိုသောအချက်များကို ဤဦးစီးဌာန၊ အင်ဂျင်နီယာဌာနတွင် လည်းကောင်း၊ ဖုန်းနံပါတ်-  ၀၁-၅၀၂၂၅၇၊ ၀၁- ၅၃၉၄၃၇၊ ၀၁-၅၀၄၇၅၅ သို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)